** ရည်ရွယ်ချက် **

သာသနာ့ဝန်းထမ်းရှင်ရဟန်းများဟာ ဘုရားရှင်ရဲ့ ဓမ္မများကိုစည်ပင်ပြန့်ပွါးအောင်လုပ်နိုင်သူများဖြစ်တယ်ဆို တာအကြွင်းမရှိယုံကြည်ပါတယ်။ စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ သုခါယ အတ္ထာယ ဒေ၀မနုဿာနံ- ရဟန်းတို့ လောကမှာ ရှိတဲ့ လူ နတ် ဗြဟ္မာများ အခွင့်ကောင်း အခြေအနေ ကောင်း အကျိုးကောင်းတွေနဲ့ပြည့်စုံ စေဖို့ ခရီး ထွက်ကြ ဆိုတဲ့ ဗုဒ္ဓရဲ့ သြ၀ါဒစကားအတိုင်း မိမိတို့ နိုင်ငံမှာ ဗုဒ္ဓရဲ့ဓမ္မကို သင်ကြားပြီးနောက် လောက ဗဟုသုတတွေ ပိုမိုပြည့်စုံစေဖို့ နိုင်ငံခြားပညာ သင်ကြားရင်း ဓမ္မခရီးထွက်စေလိုတဲ့ စေတနာ ပါပေါ်ပေါက်လာပါ တယ်။ ပြောင်းလဲလာတဲ့ ခေတ်ရဲ့အခြေအနေအရ ဘာသာစကားကိုပါ သင်ကြားဖို့လိုအပ်လာပြန်ပါတယ်။ ဒါဟာ ဗဟုသုတ ပြည့်အောင် ဖြည့်တာနဲ့လဲတူပါတယ်။ မင်္ဂလသုတ် တရားတော်အရ မင်္ဂလာအပေါင်းနဲ့ပြည့်အောင် ဖြည့် ကျင့်နေတယ်လို့လဲပြောနိုင်ပါတယ်။ ဓမ္မသိသူ ပညာ တတ်သူ ဗဟုသုတများသူတစ်ယောက်အနေနဲ့ သာသာနာ ပြုရင် ပိုမိုလွယ်ကူမယ်လို့မျှော်လင့်မိ တာကြောင့် နိုင်ငံခြားသာသနာပြုရဟန်းတော်များ ပေါ်ပေါက်လာစေချင်ပါ တယ်။ နိုင်ငံခြားသာသနာပြု ရဟန်းတော်အနေနဲ့ မြန်မာများကိုသာမက နိုင်ငံခြား သားများကိုပါ ဓမ္မအသိကိုပေး ဝေစေလို့တဲ့ဆန္ဒ ဓမ္မအသံပြန့်သွားစေလိုတဲ့ဆန္ဒများက အသင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။